Yangonese
တစ်ခါသုံး Web စာမျက်နှာများ အလွယ်တကူ ရယူချင်သလား
ယနေ့ခေတ်မှာ အဆင်ပြေလွယ်ကူမှုကို အကြောင်းပြုပြီး တစ်ခါသုံး ပလတ်စတစ်အိတ်၊ တစ်ခါသုံး ဘရိတ်ဓား၊ တစ်ခါသုံးဇွန်း၊ တစ်ခါသုံးရေခွက် စသဖြင့် အရာအားလုံးက တစ်ခါသုံးတွေ ဖြစ်လာကြပါတယ်။ ဒီလိုပဲ ဆိုက်ဘာကမ္ဘာကြီး ထဲအထိ တစ်ခါသုံး email address, တစ်ခါသုံး website လိပ်စာစသည်ဖြင့် ကူးစက်ပျံ့နှံ့လာရာမှာ ဒီတစ်ပတ်မှာ မိတ်ဆက် ပေးချင်တာကတော့ တစ်ခါသုံး Web Page တွေ ရယူနိုင်မဲ့ Website တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။
Dinky Page က ရယူထားတဲ့ Web Page တွေဟာ တစ်ခါသုံးလို့ဆိုပေမဲ့လည်း Site ရဲ့ FAQ ကဏ္ဍမှာ ရေးသား ဖော်ပြထားချက်အရ သူတို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို မချိုးဖောက်သရွေ့ ကိုယ်ရယူထားတဲ့ Web စာမျက်နှာတွေ ဟာ သက်တမ်းကုန်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Dinky Page ဟာ Web စာမျက်နှာတွေသာမက အသေးစား Website လေးတွေအထိ ဖန်တီးနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ http://dinky page.com ဆိုတဲ့လိပ်စာမှာ သွားရောက် စမ်းသပ်အသုံးပြုနိုင်ပါတယ်။
Yangonese!
Spam Mail တွေကို Desktop Wallpaper ပြောင်းပစ်မယ်
ကိုယ့် Email အကောင့်ထဲကို ကိုယ်မသိတဲ့လိပ်စာတွေနဲ့ ကြော်ငြာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေ၊ သတင်းမှားပေးပို့ချက်တွေနဲ့ ဝင်လာတတ်တဲ့ Mail မျိုးကို Spam Mail လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် အွန်လိုင်းပေါ်က အမှိုက်တွေပါပဲ။ Google, Yahoo, Live စတဲ့နာမည်ကျော် Email ဝန်ဆောင်မှုတွေမှာ Spam Mail တွေကို တတ်နိုင်သမျှ စစ်ထုတ်ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားကြပေမဲ့ Spam Mail တွေက နည်းလမ်းပေါင်းစုံနဲ့ ဝင်လာ တတ်ပါသေးတယ် ဒါကြောင့် Email အသုံးပြုသူတွေအတွက် ကိုယ့်ဆီရောက်လာတဲ့ Spam Mail တွေကို အမြင်ဆန်းဆန်း Desktop Wallper အဖြစ်ပြောင်းလဲပစ်နိုင်မဲ့ Website လေးတစ်တစ်ခုကို ဒီတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။
SpamRecycling ဟာ သုံးစွဲသူတွေဆီက Spam Mail တွေကို မော်ဒန်ပန်းချီကားဆန်ဆန် Graphic Design Desktop Wallpaper တွေအဖြစ် ပြောင်းလဲပေးသွားမဲ့ Web Service တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ ကိုယ့်ရဲ့ Spam Mail တွေကို spam@spamrecycling.com ဆိုတဲ့လိပ်စာကို Forward ပေးပို့ပေးရမှာဖြစ်ပြီး အဲဒီအခါမှာ SpamRecycling ကနေ လက်ခံရရှိကြောင်းစာနဲ့အတူ Link လေးတစ်ခုကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ Link က နေတစ်ဆင့် ကိုယ့် Spam Mail ကို Wallpaper အဖြစ် တဆင့်ချင်း ပြောင်းလဲနိုင်မဲ့နေရာကို ရောက်ရှိသွားမှာ ဖြစ်ပါ တယ်။ အဲဒီနေရာမှာ ကိုယ့် Spam Mail ထဲက စာသားတွေကိုအသုံးပြုပြီး ကိုယ့်စိတ်ကြိုက် နောက်ခံအရောင်၊ ဒီဇိုင်းတွေနဲ့ Wallpaper အဖြစ် ပြောင်းလဲဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Spam Mail စာသားတွေကနေ Graphic Design တွေ အဖြစ် အဆင့်ဆင့်ပြောင်းလဲနေပုံကို အရုပ်အသံ Animation Effect တွေနဲ့ ကြည့်ရှုခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ ကိုယ် ဖန်တီးလိုက်တဲ့ ဒီဇိုင်းကို Wallpaper အဖြစ် ပြန်လည်ရယူလိုသူတွေအတွက် SpamRecycling က Email ပို့ပေးသလို ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆီ ပေးပို့နိုင်အောင်လည်း စီစဉ်ပေးထားတာကို တွေ့ရပါတယ်။
စိတ်ပါဝင်စားသူတွေအတွက် SpamRecycling ကို http://www.spamrecycling.com မှာ အခမဲ့သွားရောက် အသုံးပြုနိုင်ပါတယ်။
Yangonese!
တကယ်လို့ ကိုယ်သာ အခြားနိုင်ငံတစ်ခုမှာ မွေးဖွားခဲ့မယ်ဆိုရင်
ဘဝဆိုတာ ကံစမ်းမဲတစ်ခုလိုပါပဲ။ ကိုယ်ဘယ်နေရာမှာ မွေးဖွားရှင်သန်လာရမယ်ဆိုတာ ဘယ်သူမှ ကြိုတင်ရွေး ချယ်နိုင်ခြင်း မရှိပါဘူး။ တကယ်လို့ ကိုယ်ဟာ အခြားနိုင်ငံတစ်ခုမှာသာ မွေးဖွားရှင်သန်ခဲ့မယ်ဆိုရင် ဘယ်လိုမျိုး အခြေအနေ တွေနဲ့ ရှင်သန်ကြုံတွေရမှာပါလဲ။ ဒီမေးခွန်းရဲ့အဖြေအတွက် စိတ်ဝင်စားစရာ Website လေးတစ်ခုကို ညွှန်းပေးချင်ပါ တယ်။
If It Were My Home လို့အမည်ရတဲ့ Website ဟာ ရွေးချယ်ထားတဲ့ နိုင်ငံနှစ်ခုရဲ့ ကွာခြားချက်တွေကို ရှုထောင့် ပေါင်းစုံကနေ နှိုင်းယှဉ်သုံးသပ်နိုင်မဲ့ Website တစ်ခု ဖြစ်ပါတယ်။ If It Were My Home မှာ ကိုယ့်မိခင်နိုင်ငံနဲ့ အခြား နိုင်ငံတစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အကယ်၍များ အဲဒီနိုင်ငံမှာသာ ကိုယ်မွေးဖွား ကြီးပြင်းခဲ့တယ်ဆိုရင် ကိုယ့်ဘဝ ဟာ ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာမျိုး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် If It Were My Home မှာ ကိုယ့်စိတ်ကြိုက် နိုင်ငံနှစ်ခု ရွေးချယ်ပြီးတော့လည်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ If It Were My Home မှာ ရွေးချယ်ထားတဲ့ နိုင်ငံနှစ်ခုရဲ့ အလုပ်အကိုင်ရရှိမှုနှုန်း၊ မွေးကင်းစ သေဆုံးမှုနှုန်း၊ GDP နှုန်း ၊ လောင်စာဆီ၊ လျှပ်စစ်စွမ်းအင် ရရှိနိုင်မှု အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ လူတန်းစားကွာဟချက်စတာတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်နှိုင်းယှဉ်မှုတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့ သမိုင်းအကျဉ်းနဲ့ ဆက်စပ်ဖတ်ရှုနိုင်တဲ့ စာအုပ်တွေကို ဖော်ပြပေး ထားတာကို တွေ့ရပါတယ်။ ဖော်ပြထားတဲ့ နိုင်ငံတွေရဲ့ အချက်အလက်တွေကို CIA World Factbook ကနေ ရယူထား တယ်လို့လည်း ဖော်ပြထားပါတယ်။
စိတ်ပါဝင်စားသူများအနေနဲ့ If It Were My Home ကို http://www.ifitweremyhome.cm မှာ မှတ်ပုံတင် စရာမလိုဘဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Yangonese!
Facebook Account လုံခြုံရေး စစ်ဆေးကာကွယ်နိုင်ဖို့
ယနေ့ခေတ်မှာ နာမည်ကျော် လူမှုရေးကွန်ယက် Website တွေ၊ အွန်လိုင်းဝန်ဆောင်မှု Website တွေကို တစ်နေ့ ထက်တစ်နေ့ လူသုံးတွင်ကျယ်လာသလို တစ်ဖက်ကလည်း အဲဒီလို Website တွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခံရမှု၊ လစ်ဟာအားနည်းမှု သတင်းတွေကို ရံဖန်ရံခါ ကြားလာရပါတယ်။ ဒါကြောင့် အဲဒီလို Cyber Crime တွေက ကြိုတင် ကာကွယ်နိုင်မဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ရဲ့ Facebook Account လုံခြုံရေးကို စစ်ဆေးကာကွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ကို ပြောပြချင်ပါတယ်။
Facebook ကိုယ်ပိုင်စာမျက်နှာမှာ ကိုယ်မလုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုတွေကို သံသယဖြစ်ဖွယ် တွေ့မြင်နေရသူ တွေအတွက် ကိုယ့် Facebook Account ကို အခြားသူတွေ ဝင်ရောက်အသုံးပြုနေခြင်း ရှိမရှိ အလွယ်တကူ စစ်ဆေး ကာကွယ်နိုင်ဖို့ ရိုးရိုးရှင်းရှင်း လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ချို့ ဖြစ်ပါတယ်။
ပထမဆုံး ပင်မစာမျက်နှာ အပေါ်ညာဖက်ထောင့်စွန်းကနေ Account > Account Settings > Account Security စာမျက်နှာအထိ အဆင့်ဆင့် ဝင်ရောက်လိုက်ပါ။ အဲဒီမှာ ကိုယ့် Facebook Account ကို Log in ဝင်ရောက်တဲ့ အခါတိုင်း အသုံးပြုခဲ့တဲ့ Computer တွေ၊ Hand Phone, iPad စတဲ့ Mobile Devices တွေစာရင်းနဲ့ အဲဒီပစ္စည်း ကိရိယာတွေရဲ့ IP Address ကို အခြေခံပြီး အကြမ်းဖျင်း တည်နေရာဖော်ပြချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
Facebook Account ပိုင်ရှင်တွေအနေနဲ့ အထက်ပါစာရင်းက ကိုယ်မသိတဲ့ ကိရိယာ၊ တည်နေရာနဲ့ Log in ဝင် ရောက်ထားမှုကို တွေ့တဲ့အခါ သက်ဆိုင်ရာ Log in ဝင်ရောက်မှုဘေးက end activity ဆိုတဲ့ Link ကို Click နှိပ်ပြီး တားဆီး ပိတ်ပင်ပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် – ကိုယ့်က Windows နဲ့ Chrome Browser ကို အသုံးပြုပြီး Log in ဝင်ရောက်လေ့ရှိပေမဲ့ အထက်ပါစာရင်းမှာ Mac ကနေ Firefox Browser ကို အသုံးပြုပြီး Log in ဝင်ရောက်ထား မှုကို ဖော်ပြနေရင် သံသယဖြစ်ဖွယ်ပါပဲ။ ဒါ့အပြင် ဒီလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်မှာ အလျဉ်းသင့်တဲ့အခါတိုင်း secure connection (https) နဲ့ ဝင်ရောက်အသုံးပြုနိုင်ဖို့နဲ့ သင်မသိတဲ့နေရာကနေ သင့် Facebook Account ကို Log in ဝင်ရောက်မှုတွေ ရှိလာတဲ့အခါတိုင်း Email သို့မဟုတ် SMS နဲ့ သတိပေး အကြောင်းကြားမှု ပြုလုပ်ဖို့ ချိန်ညှိထားနိုင်မှာ လည်း ဖြစ်ပါတယ်။
Yangonese!
Welcome to Pho Win Taung
ကျွန်တော် ပြီးခဲ့တဲ့လက အလောင်းတော်ကဿပကိုသွားတော့ ဖိုလ်ဝင်တောင်မှာ လေးရက်လောက် တည်းဖြစ်ခဲ့ပါတယ်။ ပထမဆုံး ရောက်စရက်မှာပဲ သုံးနာရီလောက်အချိန်ပေးပြီး ဖိုလ်ဝင်တောင် တစ်ပတ် ဓာတ်ပုံပတ်ရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီပုံတွေကို ကျွန်တော့် Facebook Page မှာ တင်ပေးထားတာမို့ အောက်က Link မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
Welcome to Pho Win Taung
မှတ်ချက်။    ။ အင်္ဂလိပ်လိုဆိုရင် တောင်ကို Mountain လို့ဆိုရမှာ ဖြစ်ပေမဲ့ လူတိုင်းနဲ့ရင်းနှီးတဲ့အသံထွက်အတိုင်းကိုပဲ ရေးထားတာ ဖြစ်ပါတယ်။
Popular 6 in Myanmar Tutorials’ Web Design Contest
မြန်မာနည်းပညာဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Myanmar Tutorials က ပထမဆုံးအကြိမ်ကျင်းပြုလုပ်တဲ့ Web Design Contest မှာ ယှဉ်ပြိုင်ရမဲ့ကာလကုန်လွန်ပြီးနောက် နောက်ဆုံးရရှိသောစာရင်းများအရ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၅) ဦးရှိတယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ အကောင်းဆုံးဆုရရှိသူကို
- ဒိုမိန်းတစ်ခုနှင့် Hosting တစ်နှစ်စာ (သို့) ၆၀၀၀၀ ကျပ်တိတိ (Sponsored by Ma Phyu Sin Kyaw)
- HTML5 & CSS3 Paper Book (Sponsored by Mg Pyone)
- Adobe Photoshop Classroom in a Book (Original Quality Reprinted)
(Sponsored by Ko Htoo Myint Naung (Technomation Studio))
- Learning Web Design (Sponsored by Ko Htoo Myint Naung)
- DEFINED Dictionary (Sponsored by Ko Htoo Myint Naung)
ချီးမြှင့်သွားမှာ ဖြစ်ပြီး Second Best Award, Best Design Award, Best Technology Award, Special Award များကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
ယခုလောလောဆယ်ကာလမှာ ယှဉ်ပြိုင်လာကြသည်များထဲမှ ဆုပေးအပ်ချီးမြှင့်နိုင်ရန်အတွက် Comment ပေးပြီး Vote လုပ်နိုင်တာကို တွေ့ရပါတယ်။ March 21 ရက်နေ့အထိ ကွန်မင့်များအရ popular ဖြစ်နေတဲ့ ဒီဇိုင်း (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။
( ဒီဇိုင်းများကို အက္ခရာစဉ်အတိုင်း စီစဉ်ထားခြင်း ဖြစ်ပါသည်။)
Colorful Myanmar
colorful-myanmar
Knowledge Shelf
Knowledge-Shelf-Bookstore
Mobile Network
Mobile-Network
Music for Living
Music-For-Living
Romantic Wedding Planner
Romatic-Wedding-Planner
Training.co
Training-Co
Yangonese ဘလော့ဂ်ပြန်ရေးပြီ
ပထမဆုံး ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့သူတွေကို တောင်းပန်စကား စပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဆိုဒ်က တစ်နေ့တစ်ခြား ဘလော့ဂ်နဲ့မတူတော့ဘဲ စာမျက်နှာသေကြီး ဖြစ်နေလို့ပါ။ ပို့အသစ်မတင်ဖြစ်တာလည်း ကြာပါပေါ့။ အဲဒီအတွက် တကူးတကလာဖတ်တဲ့သူတွေကို (တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ်   ) တောင်းပန်ပါတယ်ဗျာ။
ကျွန်တော့်မှာလည်း စာနယ်ဇင်းသမားမို့ စာတွေရေးဖြစ်သော်လည်း ဘလော့ဂ်ပေါ်မတင်နိုင်လောက်အောင်ကို အလုပ်ရှုပ်လှတာကြောင့် ပို့အသစ်တွေ သုံးလေးဆယ်လောက်ကို လက်ထဲမှာကိုင်ထားပြီး မတင်ဖြစ်, ဖြစ်နေရပါတယ်။ နောက်မှ အကုန်လုံးပေါင်းပြီး စာအုပ်ထုတ်ပေးဖို့ အစီအစဉ်လည်း လုပ်နေတော့ ပေါ့လျော့နေမိတာလည်း ပါပါတယ်။
ကိုယ့်ဘာသာလည်း အပြစ်တင်မိပါရဲ့။ ဟင် အရင်တုန်းကတော့ ဘလော့ဂ်ဂါဖြစ်ချင်လှချည်ရဲ့ဆို … ခု မင်းဘာတွေ လုပ်နေသလဲ Yangonese!
ဆိုတော့ ခု ကျွန်တော်အမြင်မှန် ပြန်ရနေပါပြီ။ ရတောင့်ရခဲ့ ဘလော့ဂ်ဂါဘဝလေးကို ပြန်ပြီး ရှာဖွေပါတော့မယ်။ အပတ်စဉ် ပို့အသစ်တွေတက်အောင်၊ စာဖတ်တဲ့သူတွေကို တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်နိုင်အောင် ကျွန်တော် ကြိုးစားပါတော့မယ်။ (ပြောတာပဲ အဟဲ)
Yangonese! ဘလော့ဂ်ပြန်ရေးပါပြီ။ အဲ လောလောဆယ် အခိုက်အတန့်ကာလအတွင်းမှာတော့ ဆိုဒ်ကို အနည်းငယ် ပြန်ပြင်ဆင်ရဦးမှာမို့ ဖတ်တဲ့အခါ အဆင်မပြေတာများရှိရင် ခွင့်လွတ်ပေးကြပါ။ (Categories – တွေ ပြန်ဖွဲ့ရဦးမှာမို့ပါ)
Comment ပြန်ဖြေတာ နောက်ကျရင်လည်း စိတ်မကွက်ကြပါနဲ့။ ပြောရရင် ကျွန်တော့်ဆိုဒ်က တစ်နေ့ကို ကွန်မင့် အခု ငါးဆယ် လောက်တက်ပါတယ်။ အဲ တစ်ခုရှိတာက အကုန်လုံးက Spam တွေချည်း ဖြစ်နေတာပါပဲ အဟဲ။ ဆိုတော့ အဲဒါကိစ္စဟာ ကျွန်တော်ရဲ့ အလကား (အခမဲ့) ရယူထားတဲ့ Hosting ကြောင့် ဖြစ်ပြီး ခုအချိန်မှာတော့ အဲဒီကိစ္စကို ကောင်းကောင်းဖြေရှင်းပြီးသွားပါပြီ။ အရင်က အဲဒီ အမှိုက်တွေကြားမှာ ညှပ်နေတဲ့ ရှားရှားပါးပါး အဖိုးတန် ကွန်မင့်လေးတွေကိုလည်း ပြန်ဖြေပြီးသွားပါပြီ။ နောက်လည်း တတ်နိုင်သမျှ အချိန်မဆိုင်းဘဲ ဖြေကြားသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး စာဖတ်သူတွေ ထောက်ပြကြတဲ့ ကိစ္စတစ်ခုကိုလည်း ဒီနေရာကပဲ တစ်လက်စတည်း ရှင်းပြချင်ပါတယ်။ အဲဒါက ကျွန်တော့ပို့စ်တွေက လင့်ခ်အချို့ဟာ သေနေတယ်ဆိုတဲ့ ကိစ္စပါပဲ။ အကြောင်းမှန်က …
ကျွန်တော်ဟာ ကျွန်တော့်ပို့စ်တွေအားလုံးကို MS Word မှာ ရိုက်ပြီးမှ ဘလော့ဂ်ပေါ်တင်တာ ဖြစ်ပါတယ်။ အဲဒီအခါမှာ Word ထဲမှာ လုပ်ထားတဲ့ justify, phrase break စတဲ့ text formatting တွေဟာ ဘလော့ဂ်ကိုလည်း မတော်တဆ ကပ်ငြိပါ, ပါလာတတ်ပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်လေ ကျွန်တော်တင်လိုက်တဲ့ link တွေဟာ လိပ်စာမှန်ပေမဲ့လည်း Space လေးတွေ အပိုပါနေတတ်တာကြောင့် ဝင်ရဖြစ်သွားတတ်တာပါ။ အဲဒါလေးကို တစ်ချက်သတိထားပေးကြပါ။ ကျွန်တော်လည်း နောက်ပိုင်းပို့စ်တွေမှာ သတိထားပြင်သွားပါ့မယ်။
အင်း … ဘာကျန်သေးလဲ ။ ထားတော့ ပြောရင်တော့ အများကြီးရှိဦးမှာပေါ့ဗျာ။ ဒါပေမဲ့ ဆက်မပြောတော့ပါဘူး။ စောင့်သာ ဖတ်လိုက်ကြပါလို့။
လေးစားစွာဖြင့်,
Yangonese!
မပြီးဆုံးချင်တဲ့ ကဗျာတစ်ပုဒ်
ညလေးကို လွမ်းတဲ့ညက တိမ်တွေဟာ ဘယ်နား အနည်ထိုင်နေ မသိ …
ဗလာကျင်းနေတဲ့ ကောင်းကင်ကြီးမှာ လမင်းက ကိုယ့်ချစ်စိတ်ကူးလိုလေ …
ကြယ်လေးတွေ တဖွားဖွားပွင့်လန်းနေကြတဲ့ တောရိုင်းပန်းငယ်လေးတွေနှယ် …
တစ်ချိန်က မင်းနဲ့ကိုယ် ကြည့်ရယ်မောခဲ့ကြသလို … ၊
… လွမ်းတယ် … လေပြည်ညှင်းတွေ ကိုယ့်ရင်တွင်းစကားသံပါကွယ် …
နာရီသံတွေ အကောင်းဆုံးတရားတစ်ပုဒ်ပါ …
ပင့်သက်ရှိုက်မောတွေ … သက်လွန်ဝေဒနာ ဖြေရာမရှိရဲ့အစလေကွယ် …
ကွန်နက်ရှင်ကြီးတင်
အမိဘက်မှ ဆိုင်သော ကွန်နက်ရှင် အဖဘက်မှ ဆိုင်သော ကွန်နက်ရှင် … မုန့်ဖြူမုန့်နီ ဘီယာဝီစကီများလည်း ဆက်သပါတယ် … တက်ပါ တက်ပါ ကြာကြာမလေးလို့ ခဏခဏ အထာတွေလည်း မပေးပါနဲ့ … ကိုယ်တော်ကွန်နက်ရှင် ပြုသမျှ နုရတဲ့ ငမိုက်သားတွေပါ … တစ်ရံတစ်ခါ ပြောမှားဆိုမှား ဗွေဆိုးဗွေညစ်များကိုလည်း စိတ်ခုတော် မမူပါနဲ့ … ကိုယ်တော်လေးတို့ကျွေးမှ စားရတဲ့ ဝဘ်သမားတွေပါ … အဲလေ သည်းခံပါခင်ဗျ သည်းခံပါခင်ဗျ … အွန်လိုင်းသမားတွေပါ … ကိုယ်တော်တို့မကြိုက်တဲ့ ဟိုဆိုဒ်တွေလည်း မကြည့်ပါဘူး … ပရောက်ဆီတွေကိုလည်း မဆည်းကပ်ပါဘူး … ဖရီးဒမ်း ဆိုလည်း ဝေရာမဏိပါခင်ဗျ … ကြာကြာကြည့်မိရင်တောင် အပြစ်သင့်မှာစိုးလို့ ပွင့်ကာလေ ပွင့်စေတော့ ရသလောက်နဲ့တင် တင်းတိမ်ပါတယ်ခင်ဗျ … ကျေနပ်ပါတယ်ခင်ဗျ … နောင်ဆို သားတော်ကြီးတို့ ရှာသမျှ အင်တာနက်ဖိုးနဲ့တင် ကုန်မှာကိုလည်း မငြူစူတော့ပါဘူး … လေးကာပင် လေးစေတော့ ဖေ့ဘွတ်စ်ကလေးလည်း တက်ပြပါခင်ဗျ … ဂျီတော့ခ်ကလေးလည်း ပွင့်ပြပါခင်ဗျ … ကိုယ်တော်တို့ဆော့ သားတော်မော့ရအောင် ဘလော့ဂ်စပေါ့လေးလည်း ရံဖန်ရံခါ ပွင့်ပါခင်ဗျ …
(*ဆက်ရန်*)
Goolge Chrome MSI Installer နဲ့ Chrome Web Store
Google ကထုတ်တဲ့ Chrome Browser ဟာ Web စာမျက်နှာတွေ ကြည့်ရှုရာမှာ Loading မြန်ခြင်း၊ ဒီဇိုင်း အသွင်အပြင် ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူခြင်းတို့ကြောင့် IE, Firefox တို့နဲ့အပြိုင် သုံးစွဲသူတွေ အကြိုက်တွေ့ကြပေမဲ့ အင်တာနက် ချိတ်ဆက်ထားမှသာ Install လုပ်အသုံးပြုနိုင်မဲ့ အခက်အခဲ ရှိခဲ့ပါတယ်။ဒါပေမဲ့ ယခုအချိန်မှာတော့ Chrome Browser သုံးစွဲလိုသူတွေအတွက် အင်တာနက်ချိတ်ဆက်မှု မလိုဘဲ Offline Install လုပ်နိုင်မဲ့ Chrome MSI installer ကို Google က တရားဝင်ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် Google Chrome Browser နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ နောက်ဆုံးပေါ် Web apps, extensions နဲ့ theme တွေ ရယူနိုင်မဲ့ Chrome Web Store ဆိုတဲ့ Online Marketplace ကိုလည်း မကြာသေးခင်က လွှင့်တင်ထားတယ်လို့ သိရ ပါတယ်။ Chrome Web Store မှာ အခပေး Web app တွေအပြင် အခမဲ့ရယူ အသုံးပြုနိုင်တဲ့ app ကောင်းလေးတွေ၊ စိတ်ဝင်စားဖွယ် Extensions တွေနဲ့ Theme လှလှလေးတွေရှိတာမို့ http://chrome.google.com/webstore ဆိုတဲ့ လိပ်စာမှာ ဝင်ရောက်ကြည့်ရှုပါကြောင်း လက်တို့လိုက် ရပါတယ်။
နောက်ဆုံးပေါ် HTML5, CSS3 စတဲ့နည်းပညာတွေနဲ့ Browser ထဲမှာ 3D သုံးဖက်မြင် ပုံရိပ်တွေ ကြည့်ရှုနိုင်မဲ့ WebGL လို နည်းပညာတွေကို ပံ့ပိုးပေးနိုင်တဲ့ Google Chrome Browser msi Installer ကိုတော့ http://goo.gl/5uZZ မှာ အခမဲ့ ဆွဲချရယူနိုင်ပါတယ်။